วันพุธที่ 22 มกราคม พ.ศ. 2557

khun mgkhin
ကောင်ထို-ထီယွန်း ကျောင်းရေစက်ချ အလှူတော်မင်္ဂလာနဲ့
...
ပအိုဝ်းရိုးရာ ရှင်ပြု ရဟန်းခံအလှူတော်မင်္ဂလာပွဲ
(၂၇-၄-၂၀၁၃) စနေနေ့ ယနေ့ဟာ နောက်ဆုံးနေ့ တရားနာရေစက်ချပွဲနေ့ဖြစ်တယ်။

ဧည့်ခံတဲ့နေ့တုန်းက ပရိသတ်တွေ ရှင်တကာအိမ်တွေမှာ
လာပြီး ကုသိုလ်ဝင်ကြတာ များပေမယ့်
ဒီနေ့အဖို့မှာတော့ ရှင်လောင်းလှည့်နဲ့ ပွဲဝင်ကြတာကို ကြည့်ရှုချင်လို့
လာကြတာက များပါတယ်။ ပရိသတ်တွေ တော်တော်များပြီး စည်ကားသလို
တချို့နေရာတွေမယ် ဖုန်ကလည်း ထူသလား မမေးပါနဲ့။

ရှင်အပါး (၃၆၇)ပါး ရှိပြီး၊ ရဟန်းခံ (၁၀)ပါး၊ မဏ္ဍပ်စုက (၉)မဏ္ဍပ်ရှိတယ်လို့ သိရတယ်။
ပင့်ကျောင်း (၃၅)ကျောင်း၊ သံဃာ (၈၈)ပါး ကြွတော်မူပြီး
ကုသိုလ်ဝင်ငွေ စုစုပေါင်း (၄၈)သိန်းနီးပါးလောက် ရရှိတယ်လို့ ကြားသိရပါတယ်။

ရှင်ပြုဖို့ ကျောင်းသို့ တန်းစီလှည့်လာတာ ၁၂နာရီကနေ ၃နာရီအထိ ကြာမြင့်ပါတယ်။
ပွဲလာသူတွေအဖို့ ရှင်လောင်းလှည့်ကြည့်ရတာ တန်တယ်လို့ ဆိုရမှာဖြစ်တယ်။
ဒါပေမယ့် ရှင်လောင်းနဲ့ ရှင်လောင်းထိန်းတွေ နေပူထဲမှာ အကြာကြီးရပ်ရလို့
နဲနဲတော့ ပင်ပန်းကြမှာဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် စုပေါင်းရှင်ပြုပွဲကြီး မလုပ်တာ ကြာပြီဖြစ်တဲ့
ကောင်ထိုထီယွန်း ပွဲတကာများအနေနဲ့တော့
အားရပါးရရှိလှတဲ့ ကုသိုလ်အမျှ ခေါ်သံနဲ့အတူ အပြုံးကိုယ်စီ
ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတာကို အထင်းသား တွေ့မြင်နေရပါတယ်။


သဗ္ဗေသတ္တာ သတ္တ၀ါအနန္တ
ကုသိုလ်အမျှ ကုသိုလ်အမျှ ကုသိုလ်အမျှ
ယံလညီညီ လတွာတွာဝင်နော ဖူးဝေးသီးယာသြ

ไม่มีความคิดเห็น:

แสดงความคิดเห็น