วันเสาร์ที่ 4 กรกฎาคม พ.ศ. 2558

အလံတစ်ရာ စေတီတော်သမိုင်း

အလံတစ်ရာ စေတီတော်ကြီးသည် သထုံမြို့နယ် ဇရစ်ချောင်းကျေးရွာ အုပ်စုဝင် သာယာကုန်းကျေးရွာအရှေ့ မိုးမခတောင်ခြေ၏ အနောက်ဘက် ကုန်းမြင့်တွင် တည်ရှိ၏။ အလံတစ်ရာစေတီတော်၏ ဘွဲ့တော်အပြည့်အစုံမှာ “ အလံတစ်ရာ မယာသောဏယ ကမ္ဘာအေး စေတီတော်ကြီး ” ဖြစ်၏။

အလံတစ်ရာဘုရားဟု ဘွဲ့မည်ထင်ရှား တွင်ရခြင်းကား၊ အလံတစ်ရာ ဆရာတော်ဘုရားတွင် ခန္တီဗလ ဟု ဘွဲ့တော်ရသော ရသေ့ငယ်တစ်ပါးရှိ၏။ ထိုခန္တီဗလ ရသေ့ငယ်၏ လက်အလံဖြင့် အလံပေါင်း ၁၀၀ တိတိ ဥာဏ်တော်အမြင့်ရှိသော စေတီကို ၁၃၁၄ ခုနှစ်က စတင်တည်ထားတော် မူခဲ့သဖြင့် အလံတစ်ရာစေတီဟု ခေါ်ကြောင်း မှတ်သားသိရှိရသည်။ (အလံတစ်ရာမှာ ၃၇၅ ပေနှင့် ညီမျှသည်)။

၁၃၁၆ နှစ်တွင် ရွှေစေတီကို ငုံ၍ တည်ဆောက်သော လက်မတစ်ရာ စေတီတော် တစ်ဆူကို ထီးတော်တင်ခဲ့ကြောင်း သိရသည်။ ၁၃၁၉ ခုနှစ်တွင်လည်း ထိုလက်မ ၁၀၀ စေတီတော်ကို ထီးတော်မတင်ခဲ့ဘဲ ၁၃၂၀ ပြည့်နှစ်တွင် ထိုပေပေါင်း ၁၀၀ စေတီကိုငုံလျက်၊ အတောင် ၁၀၀ ဥာဏ်တော်အမြင့် ရှိသော စေတီတော်ကို တည်၍ ပြီးစီးခဲ့လေသည်။ သို့သော် ထီးတော်မတင်ဖြစ်ခဲ့ဟု ဆိုသည်။

၁၃၂၁ ခုနှစ်တွင်၊ အတောင်တစ်ရာစေတီကို ထပ်မံတည်ဆောက်ပြီး အတောင် ၁၈၀ စေတီကို ထီးတော် တင်ခဲ့သည်။ ၁၃၃၅ ခုနှစ်တွင် အတောင် ၁၈၀ စေတီတော်ကို ငုံပြန်ကာ၊ တည်ဆောက်သော အလံတစ်ရာ စေတီတော်ကြီးကို ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် အောင်သာယာ ထီးဖြူတော်တင်ပွဲကြီး ကျင်းပပြီးစီးခဲ့ကြောင်း သိရပေသည်။

အလံတစ်ရာ စေတီတော်မြတ်ကြီးကို တည်ဆောက်နေကြသည့် အချိန်အတွင်းမှာပင် အလံတစ်ရာဘုရား ကုန်းတော်၏အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် စေတီတော်ပေါင်း ၁၈ ဆူကို တည်ထားကိုးကွယ် ပြီးစီးခဲ့သည်။ သံဃာတော်များ သီတင်းသုံး နေထိုင်နိုင်ရန်အတွက် ကျောင်းပေါင်း ၁၂ ကျောင်းကို ကျောင်းသုံး ပရိဘောဂအပြည့်ဖြင့် အရပ်ရပ် ကုသိုလ်ရှင်များက ဆောက်လုပ် လှူဒါန်းခဲ့သည်။ ယခုအခါ သာသနာပြု အလံတစ်ရာ မဟာနာယက ဆရာတော်ဘုရားသည် နောက်ဆုံး ဆောက်လုပ်လှူဒါန်းခဲ့သည့် ကျောင်းတွင် သီတင်းသုံးလျက် ရှိသည်။

၁၃၁၄ ခုနှစ်မှစ၍ ပအိုဝ်း တိုင်းရင်းသား သူတော်စင်များသည် နေ့စဉ် လုပ်အားလှူဒါန်း၍ တည်ဆောက်ခဲ့ကြသည်။ ဘုရား ဝေယျာဝစ္စကို ဆောင်ရွက်သူများသည် ကိုယ်ကျင့်တရား (၁၀)ပါးကို ကျင့်သုံးကြသည့် ပအိုဝ်းသူတော်စင်များ ဖြစ်ကြ၏ ကျေးဇူးတော်ရှင် အလံတစ်ရာ မဟာနာယက ဆရာတော်ဘုရားသည် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော စီးပွားချမ်းသာရေးအတွက် မဟာကရုဏာတော်ဖြင့် သာသနာပြုလုပ်ငန်းကို ဦးဆောင်ခဲ့သည်။ ဤသို့ ဆောင်ရွက်ရာတွင် အခက်အခဲ အမျိုးမျိုး ဖြတ်သန်းကျော်လွှားကာ နှစ်ပေါင်း ၂၀ ကျော်တိုင်အောင် ကြိုးပမ်းအားထုတ် ဆောင်ရွက်တော် မူလာခဲ့ရကြောင်း သိရပေသည်။

ဗုဒ္ဓဘာသာ ပအိုဝ်း တိုင်းရင်းသားတို့သည် ဘုရားတည်ဆောက်မှုတွင် လုပ်အားလှူဒါန်းခဲ့ကြသည်။ ဘုရားကြီးအတွက် အုတ်သယ်ခြင်း၊ ကျောက်သယ်ခြင်း၊ ကျောက်ထုခြင်း လုပ်ငန်းများကို နေ့စဉ် လုပ်ကိုင်ခဲ့ကြသည်။

အလံတစ်ရာတွင် နေထိုင်ကြသူများသည် သတ်သတ်လွတ်ကိုသာ စားသုံးကြ၏။ လုပ်အားလှူဒါန်းကြသူများ၏ အလုပ်ချိန်မှာ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖြစ်၏။ ဆရာတော်ဘုရားသည် လုပ်အား လှူဒါန်းကြသူများအား ဘုရားဘဏ္ဍာတော်မှနေ၍ အမျိုးသားများကို တစ်နေ့ပြား (၂၀)၊ အမျိုးသမီးများကို တစ်နေ့ပြား(၂၀)၊ ထောက်ပံ့တော်မူ၏။ အချို့ ကလေးမိခင်များမှာ နေ့တစ်ဝက်သာ လုပ်အားလှူဒါန်းနိုင်သည်။ ၄င်းနေ့ဝက်အတွက် (၁၀)ပြား ထောက်ပံ့တော်မူ၏။ လုပ်အား လှူဒါန်းသည့် ကုသိုလ်ရှင်များကိုလည်း မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သတ်သတ်လွတ် ဆန်ပြုတ် ကျွေးမွေးသည်။

အလံတစ်ရာ ဆရာတော်ဘုရားသည် မိုးမခတောင်ပေါ်မှ တပည့် ဦးပဉ္ဖင်း၊ သာမဏေအပေါင်းတို့ဖြင့် သီတင်းသုံးလျက် ရှိ၏။ ညနေ (၇)နာရီ (၈) နာရီ အချိန်၌ မိုးမခတောင်ပေါ်မှနေ၍ အလံတစ်ရာဒေသသို့ မျှော်မှန်းကြည့်ရှုကြ၏။ ထိုအခါ သပိတ်လုံးပမာဏရှိသော မီးပွင့်မီးလျှံ၊ အင်ဂျင်လျှပ်စစ် မီးလုံး သဏ္ဌာန်နှင့် ကွမ်းလုံးသဏ္ဌာန်မျှလောက်ရှိသော အခြံအရံတို့ အလံတစ်ရာ ကုန်းတော်ပေါ်၏ ထက်ဝန်းကျင်၌ မြင်ရသူတို့ အံ့သြမကုန်နိုင်အောင် ကွန့်မြူးနေသည်ကို တွေ့ကြရ၏။ အလံတစ်ရာ ကုန်းတော်ပေါ်သို့လည်း ကျတစ်ခါ တက်တစ်လှည့်နှင့် တွေ့ရ၏။ ဆရာတော်တို့က သိုက်သော် လည်းကောင်း၊ မိစ္ဆာနတ်သော် လည်းကောင်း ပျော်မြူးနေသည်ဟု ထင်မှတ်ကြ၏။

ထိုနောက်မကြာခင် သစ်ပင်ချုံနွယ်အတိပြီးသော အလံတစ်ရာ ကုန်းတော်ပေါ်မှနေ၍ ဆလိုက်မီးရောင် ထိုးတက်သကဲ့သို့ ဖြူဝင်းသော အရောင်ကို မြင်းရခြင်း၊ နောင်ကုလားတောင်ပေါ်ရှိ ဆုတောင်းပြည့်ဘုရားနှင့် အလံတစ်ရာ ကုန်းတော်ထက်သို့ ခေါက်တုံ့ခေါက်ပြန် လူးလဲပျံသန်းသွားလာနေသော ဓာတ်မီးလုံးပမာဏ အဖြူ၊ အနီ၊ အ၀ါ၊ အစိမ်း စသောအရောင်တို့ကို တွေ့မြင်ရခြင်း၊ ဆွမ်းခံရာတွင်လည်း ထူးဆန်းသောအရောင် အမျိုးမျိုးတို့ကို အလံတစ်ရာ ကုန်းတော်ပေါ်၌ တွေ့မြင်ရခြင်း စသည်တို့ကြောင့် ဆရာတော်သည် အလံတစ်ရာကုန်းတော်ပေါ်သို့ သွားရောက်ကြည့်လိုသော ဆန္ဒ ပြင်းပြနေ၏။ ဆန္ဒအတိုင်းကြွသွားတော်၍ ကြည့်ရှုလေ၏။

အလံတစ်ရာ ကုန်းတော်ပေါ်သို့ ရောက်သောအခါ ရှေ့၊ နောက်၊ တောင်၊ မြောက် မျှော်ကြည့်ရာ သာယာလှသည်ကို တွေ့ရလေသည်။ ထို့ပြင် ဘုရားရှင်၏ ဓာတ်တော်သည် ကမ္ဘာတည်အောင် ကိန်းဝပ်လိုသည့် ဆန္ဒကို သိုက်မိစ္ဆာနတ်တို့ ပျော်ပါးသည်ဟူ ဆရာတော်ထင်ခဲ့၏။ ဤသို့ထင်ခဲ့ မိသည်မှာ မှားလေစွဟူလည်း နောင်တရတော်မူ၏။ ဆရာတော်သည် ညီအစ်ကို နှစ်ယောက်တို့၏ မညီညွတ်မှုကြောင့် မိုးမခတောင်ပေါ်၌ ဆက်၍ သီတင်းသုံးရန် ခက်နေ၏။ ဆရာတော်သည် ဘုရားပွင့်ရာ အနောက်မဇ္ဈိမဒေသသို့ သီဟိုဠ်စွယ်တော် ကျောင်းတော်ရာ၊ ဗောဓိပင် စသော ဘုရားရှင်တို့၏ အသုံးအဆောင်နှင့်တကွ တန်ခိုးကြီးဘုရားပါ သွားရောက်ဖူးမြော် ကန်တော့မည်ဟု နှလုံးပြုပြီး ကြွရောက်သွားခဲ့၏။ အနောက်မဇ္ဈိဒေသ မကြွမီ ရန်ကုန်မြို့တော်တွင် တစ်လတိုင်တိုင် သီတင်းသုံးပြီးမှ ကြွရောက်မည်ဟု အားထုတ်တော်မူခဲ့၏။

သို့ဖြစ်၍ ရန်ကုန်မြို့၌ သီတင်းသုံးနေစဉ် မိုးမခတောင်ပေါ်ရှိ ကမ္မဋ္ဌာန်းကျောင်းတွင် သီတင်းသုံးစဉ်က တွေ့ခဲ့ဖူးသော ဘုရားရှင်၏ ဓာတ်တော်သည် ၄င်းကုန်းတော်ပေါ်မှာ ကိန်းဝန်လိုသည်ဟူသော “ သံယောဇဉ်ကြိုးသည် ဆရာတော်၏ နှလုံးကို ချည်နှောင်ရစ်ပတ်နေ၏။ မဇ္ဈိမဒေသသို့ မကြွဖြစ်တော့ဘဲ နောင်ကုလားအလယ်ရွာ သုဿာန်ကျောင်းတွင် ပြန်၍ သီတင်းသုံးနေတော်မူ၏။ ဆရာတော်သည် သုဿာန်ကမ္မဋ္ဌာန်းကျောင်း၌ သီတင်းသုံးနေစဉ် နောင်ကုလားရွာကြီး သုဿာန်ကျောင်း၊ သာယာကုန်း၊ မိုးမခစသော ရွာတို့တွင် ပြိုပျက်ချို့ယွင်းနေသော စေတီတော်များကို ပြုပြင်ခဲ့၏။

ဆရာတော်သည် ညီညွတ်မှုမရှိခဲ့သော မိမိတို့ ညီအစ်ကိုနှစ်ဦးသည် စေတီတော်များကို ပြုပြင်တည်ဖို့ အောင်မြင်ပြီးစီးပါမည်လော ဟူသည့် ဆန္ဒဖြင့် လည်းကောင်း ကုန်းတော်၌ သုံးညတိုင်တိုင် အဓိဋ္ဌာန် ၀င်ခဲ့၏။ အနည်းငယ် အိပ်မောကျပြီးသောအခါ လက်သီးလက်ရုံးတန်းပြီး “ အောင်ပြီ အောင်ပြီ အောင်ပြီ ” ဟု သုံးကြိမ်တိုင်တိုင် အော်ဟစ်ကြိမ်းဝါးကာ လန့်နိုးခဲ့၏။ မိမိအိပ်မက်သည် ထူးသည်ဟု ယူဆ၏။ ထို့အပြင် ကုန်းတော်ပေါ်၌ အလံတစ်ရာ မြင့်သောစေတီကို တည်လိုသော ဆန္ဒလည်း အမြဲဖြစ်ပေါ်နေ၏။

လူယောဂီများအတွက်လည်း စေတီတော် ဘဏ္ဍာငွေမှပင် တစ်နေ့လျှင် ပြားနှစ်ဆယ်ထောက်ပံ့၏။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဆံပြုတ်တိုက်ကြွေး၏။ စားရေးအတွက် အသင့်အတင့် လုံလောက်သည်ဟု ဆိုနိုင်သော်လည်း ၀တ်ရေး၊ နေရေး မပြည့်စုံသဖြင့် တစ်နှစ်လျှင် မိုးရာသီစပါးစိုက်ချိန်တွင် ရက်ပေါင်း ၄၀ နွေရာသီ စပါးရိတ်ချိန်တွင် ရက်ပေါင်း ၄၀ စုစုပေါင်း ရက်ပေါင်း ၈၀ ကို ငွေကြေးစီးပွားဥစ္စာ ရှာဖွေရန် ခွင့်ပြုထားကြောင်း သိရသည်။ ဘုရားကြီး ပတ်ဝန်းကျင်ရှိ ရွာများတွင် လာရောက်နေထိုင်ကြသူများသည် အများအားဖြင့် ဇာတိမြေ ဆွေမျိုးသားချင်းများ ထောက်ပံ့မှုကြောင့်သာ လုပ်အားပေးနိုင်ကြသူများ ဖြစ်ကြောင်း သိရပေသည်။

ကလေးငယ်တိုင်း စာသင်ရေးအတွက် ဘုန်းတော်ကြီး မူလတန်းကျောင်းကို ဖွင့်လှစ်ထားပေးသည်။ ကျန်းမာရေးအနေဖြင့် သံဃာတော်များအတွက် ဆေးပေးခန်းတစ်ခုကို စေတနာ့ဝန်ထမ်း တိုင်းရင်းဆေးဆရာကြီးများက ဦးဆောင်ဖွင့်လှစ် ကုသပေးနေကြသည်။

ထူးခြားသည်မှာ အမျိုးသားတိုင်း ခေါင်းတုံး ဦးပြည်း ထားရ၏။ အမျိုးသမီးတိုင်းသည် ဆံထုံးကို မြင့်မြင့်ထုံးကြရသည်။ အလုပ်လုပ်ရာတွင် အညစ်အကြေး အစွန်းအပေ ခံနိုင်ရန် အမျိုးသားရော အမျိုးသမီးပါ အနက်ရောင်အ၀တ်အစားကို ၀တ်ဆင်ကြရ၏။ နေ့ကြီးအခါကြီးနှင့် ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များတွင်မူ အမျိုးသားများသည် အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ကြရသည်။

အလံတစ်ရာသို့ ရောက်ဖူးပါက နေ့စဉ်နေပူထဲတွင် အလုပ်လုပ်နေကြသော ပအိုဝ်းအမျိုးသမီးများသည် နေပူထဲတွင် နေ့စဉ်အလုပ် လုပ်နေရသော်လည်း သူတို့အသားအရေမှာ ချောမောလှပနေ၏။ ချစ်စရာပါးအို့လေးများမှာလည်း မပြုမပြင်ဘဲနှင့် ပန်းသွေးရောင် ကြွနေပေသည်။ သူတို့လေးတွေ၏ စေတနာနှင့် ကုသိုလ်မှာ ချီးကျူးသာဓုခေါ်စရာပင် ဖြစ်၏။

အလံတစ်ရာ စေတီတော်မြတ်ကြီး တည်ဆောက်ရာတွင် ဝေယျာဝစ္စ လုပ်ငန်းအ၀၀ မှန်သမျှ အခကြေးငွေပေး ငှားရမ်း၍ ဆောင်ရွက်ရသည့် လုပ်ငန်းဟူ၍ မရှိပေ။ လုပ်အားလှူဒါန်းသူ စေတနာရှင်များသည် လုပ်ငန်းကျွမ်းကျင်သူ၊ ၀ါသနာတူသူ စုစည်း၍ လုပ်ငန်းအဖွဲ့ငယ်များကို စနစ်တကျ ဖွဲ့စည်းကာ တက်ညီလက်ညီ တာဝန်ခွဲဝေ လုပ်ကိုင်ကြသည်။

ဖွဲ့စည်းထားသော အဖွဲ့ငယ်များမှာ ပန်းရံအဖွဲ့၊ ပန်းပဲအဖွဲ့၊ ပန်းထိမ်အဖွဲ့၊ လက်သမားအဖွဲ့၊ စက်မှုလက်မှုနှင့် သယ်ယူပို့ဆောင်ရေးအဖွဲ့၊ အကျွေးအမွေးနှင့် ချက်ပြုတ်ရေးအဖွဲ့၊ အလှူခံဥပသကာအဖွဲ့၊ စေတီတော် တည်ဆောက်ရေးလုပ်ငန်းအတွက် အထွေထွေ အလုပ်သမားအဖွဲ့ စသည်တို့ ဖြစ်ကြသည်။

အလံတစ်ရာ စေတီတော်ကြီးသည် ထုထယ်ပမာဏအားဖြင့် ကြီးမား၏။ ပတ်ဝန်းကျင် ကျေးရွာများနှင့် တောင်ပေါ် ပအိုဝ်း တိုင်းရင်းသားတို့ စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြသော ငွေကြေးဘဏ္ဍာ ပစ္စည်းကိရိယာဖြင့် စည်းလုံးညီညွတ်စွာ ကြိုးကြိုးစားစား တည်ဆောက်ခဲ့ရ၏။ ဆရာတော် ဘုရားကလည်း ထမင်းတစ်စေ့၊ အုတ်တစ်ပိုင်း၊ သစ်သားတစ်စ အလေအလွင့် မဖြစ်ရအောင် ခြိုးခြံချွေတာကြရန် အမြဲတမ်းပင် သတိပေး ညွှန်ကြားတော်မူလေ့ ရှိကြသည်။

အလံတစ်ရာစေတီတော်ကြီး ပတ်ဝန်းကျင်တွင် ရပ်ကွက် ခုနစ်ရပ်ကွက်နှင့် အိမ်ခြေ ၇၂၀ ရှိ၏။ ရပ်ကွက်ခုနစ်ရပ်ကွက်မှာ ဗုဒ္ဓသစ္စာရပ်ကွက်၊ ဘောဂ ရပ်ကွက်၊ ဖိုးသကြား ရပ်ကွက်၊ ဘိုးဘိုးအောင် ရပ်ကွက်၊ ၀ိဇ္ဇာ ရပ်ကွက်၊ နာဂ၀ိဇ္ဇာရပ်ကွက်တို့ ဖြစ်ကြ၏။ ဤရပ်ကွက်များရှိ အိမ်များစုစုပေါင်းမှာ ၇၂၀ ကျော်ရှိကြောင်း သိရသည်။

လာရောက် နေထိုင်ကြသူများမှာ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် စသဖြင့် လုပ်အားလှူဒါန်းရန် အဓိဋ္ဌာန်ပြုပြီး လာရောက်နေထိုင်သူများ ဖြစ်၏။ တစ်သက်ပတ်လုံး နေထိုင်ရန် အဓိဋ္ဌာန် ပြုသူများလည်း ရှိကြ၏။ အချို့မှာ အဓိဋ္ဌာန်ချက် ပြည့်မြောက်၍ ပြန်လည်ထွက်ခွာ သွားကြသူများလည်း ရှိ၏။ စည်းကမ်း မလိုက်နာနိုင်၍ ပြန်လည် ပြောင်းရွှေ့သွားကြသူများလည်း ရှိပေသည်။

ယခင်က တောချုံသစ်ပင်ထူထပ်ပြီး၊ သားကောင်များ ကျက်စားရာ ဒေသဖြစ်ခဲ့သည့် အလံတစ်ရာ ကုန်းမြေ၌ ယခုအချိန်တွင် ကျောင်းကန်ဘုရား၊ လူနေအိမ်ခြေများဖြင့် စည်ကားနေ၏။ စားပင်၊ သီးပင်၊ ဥယျာဉ် ပန်းမန်များဖြင့် စိမ်းလန်းရှင်သန်နေ၏။ စိုပြေနေ၏။ အေးချမ်းသာယာနေ၏။

အလံတစ်ရာ စေတီတော်ကြီးအား ရသေ့ ၈၅၊ ရသေ့မ ၃၈၈ ပါး၊ စုစုပေါင်း ရသေ့ ၄၃၇ ပါး တို့သည် စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် အချိန်ပြည့် လုပ်အားပေး သီတင်းသုံး နေထိုင်လျက် ရှိကြသည်။ ရှမ်းပြည်နယ်တွင် နေထိုင်ကြသော ပအိုဝ်း တိုင်းရင်းသားတို့သည်လည်း၊ အလံတစ်ရာ စေတီတော်ကြီးအား သွားရောက်ဖူးမြော်ကြ၏။

အလံတစ်ရာ စေတီတော်ကြီးဝင်းသို့အ၀င် ၀ဲယာတစ်ဘက် တစ်ချက်တွင် ကံ့ကော်ပင်များကို တန်းစီ စိုက်ပျိုးထား၏။ ထုံးသင်္ကန်း ဖြူဖြူဖွေးဖွေးနှင့် အလံတစ်ရာ စေတီတော်ကြီးကို ကြည်ညိုသပ္ပါယ်စွာ ဖူးမျှော်နိုင်ပါသည်။

วันอังคารที่ 28 มกราคม พ.ศ. 2557

ပအိုဝ်းအမျိုးသား(ပျူ)၏ သမိုင်း အဆက်


ရှမ်းပြည်နယ် ထဲ က ရှေးဟောင်း မွေတော် ကက္ကူ ဘုရား

မွေတော် ကက္ကူ ဘုရားသမိုင်း

မွေတော် ကက္ကူသည်၊ ပအိုပ်းဘာသာစကား ကက် ကူ၊ ကက် = စခန်း၊ကင်းစခန်း နှင့် ကူ=နယ်ခြား ဖြစ်သည်၊ ပြန်ပြောရလျှင် နယ်ခြားစခန်းကဘုရားဖြစ်သည်၊
အဘယ်ကြောင့်ဆိုသော် မွေတော် ကက္ကူဘုရားရှိရာ ကက္ကူရွာနေရာသည်
ဆီဆိုင်စော်ဘွားပိုင်နယ်နှင့် ညောင်ရွှေစော်ဘွားပိုင်နယ် အစပ်ဒေသတွင်ဖြစ်သည်၊
ထိုနယ်စပ်တွင်ရှိသောဘုရားဟု ပအိုဝ်း လိုခေါ်ကြရာမှ ကက္ကူဘုရားဖြစ်လာပုံရသည်။
မွေတော် ကက္ကူဘုရားတည်ထားကိုးကွယ်ခြင်းအစကိုလည်း မြန်မာ သမိုင်းဆရာအချို့က ပုဂံခေတ် အလောင်းစည်သူမင်း (၁၁၇၄-၁၂၁၁) ဖေါင်ဆိုက်ရာမှ
တည်ထားကိုးကွယ်သည်ဟုဆိုသည်၊ ပအိုဝ်း မှတ်တမ်းများအရ နရပတိစည်သူမင်း တည်သည် သို့မဟုတ် ပြန်လည်ပြုပြင်မွမ်းမံသည် ဟုဆို၏၊
ပါးစပ်ပြောရာဇဝင်များအရ မွေတော် ကက္ကူဘုရားသည် ဗုဒ္ဓဘာသာတွင် သာသနာပြုသူရဲကောင်း မင်းကြီးဖြစ်တော်မှုသော သီရိဓမ္မာသောကမင်းကြီး၏
ရှစ်သောင်းလေးထောင် ၈၄၀၀၀ အလှူထဲမှ အလှူဖြစ်သည်ဟုဆို၏၊ ယနေ့တိုင် ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ သိမ်နေရာဟောင်း ရှိသေးသည်ဟုဆိုကြသည်၊
သီရိဓမ္မာသောကမင်းကြီး၏ သာသနာပြုလုပ်ငန်းနဲ့ ဆက်စပ်နေသော ထူးခြားသောအရာဖြစ်စဉ် ၆ခု ရှိသည်ဟုဆိုကြ၏၊
၎င်းတို့မှာ ဓါတုစေတီ၊ ပရိဘောဂစေတီ၊ ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ ကျောင်းနေရာဟောင်း၊ သိမ်နေရာဟောင်းတို့ဖြစ်သည်။

Freedom News Group(Burma)
မွေတော် ကက္ကူ ဘုရားသမိုင်း
မွေတော် ကက္ကူသည်၊ ပအိုပ်းဘာသာစကား ကက် ကူ၊ ကက် = စခန်း၊ကင်းစခန်း နှင့် ကူ=နယ်ခြား ဖြစ်သည်၊ ပြန်ပြောရလျှင် နယ်ခြားစခန်းကဘုရားဖြစ်သည်၊
အဘယ်ကြောင့်ဆိုသော် မွေတော် ကက္ကူဘုရားရှိရာ ကက္ကူရွာနေရာသည်
ဆီဆိုင်စော်ဘွားပိုင်နယ်နှင့် ညောင်ရွှေစော်ဘွားပိုင်နယ် အစပ်ဒေသတွင်ဖြစ်သည်၊
ထိုနယ်စပ်တွင်ရှိသောဘုရားဟု ပအိုဝ်း လိုခေါ်ကြရာမှ ကက္ကူဘုရားဖြစ်လာပုံရသည်။
မွေတော် ကက္ကူဘုရားတည်ထားကိုးကွယ်ခြင်းအစကိုလည်း မြန်မာ သမိုင်းဆရာအချို့က ပုဂံခေတ် အလောင်းစည်သူမင်း (၁၁၇၄-၁၂၁၁) ဖေါင်ဆိုက်ရာမှ
တည်ထားကိုးကွယ်သည်ဟုဆိုသည်၊ ပအိုဝ်း မှတ်တမ်းများအရ နရပတိစည်သူမင်း တည်သည် သို့မဟုတ် ပြန်လည်ပြုပြင်မွမ်းမံသည် ဟုဆို၏၊
ပါးစပ်ပြောရာဇဝင်များအရ မွေတော် ကက္ကူဘုရားသည် ဗုဒ္ဓဘာသာတွင် သာသနာပြုသူရဲကောင်း မင်းကြီးဖြစ်တော်မှုသော သီရိဓမ္မာသောကမင်းကြီး၏
ရှစ်သောင်းလေးထောင် ၈၄၀၀၀ အလှူထဲမှ အလှူဖြစ်သည်ဟုဆို၏၊ ယနေ့တိုင် ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ သိမ်နေရာဟောင်း ရှိသေးသည်ဟုဆိုကြသည်၊
သီရိဓမ္မာသောကမင်းကြီး၏ သာသနာပြုလုပ်ငန်းနဲ့ ဆက်စပ်နေသော ထူးခြားသောအရာဖြစ်စဉ် ၆ခု ရှိသည်ဟုဆိုကြ၏၊
၎င်းတို့မှာ ဓါတုစေတီ၊ ပရိဘောဂစေတီ၊ ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ ကျောင်းနေရာဟောင်း၊ သိမ်နေရာဟောင်းတို့ဖြစ်သည်။

 ပအိုဝ်းအမျိုးသား(ပျူ)၏ သမိုင်း အဆက်

အပိုင်း(၁)
အခန်း(၁)
          သက်ရှိကမ္ဘာ
                           ကမ္ဘာမြေရဲ့စြဖ်စဉ်အရ တစတစ်နှစ်သက်ရှီဖြစ်ပေါ် လာပြီး နောက်ဆုံး အဆင့်မှာ လူသားမျိုးနွယ်ဖြစ်ပေါ်လာတယ်။ အမိကမ္ဘာမြေရဲ့ သယံဇာတတွေကို မှီဝဲစား သုံးကြတယ်။ လူရိုင်းဘ၀ကစပြီး လူဟာပတ်ဝန်း ကျင်ကို အသုံးချလာကြတယ်။ လူ့ယဉ်ကျေး မှု သုံးရပ်ဟာ အာရှမှာ တစ်ချိန်ထဲ တစ်ပြိုင်ထဲ လိုဖြစ်ပေါ်လာတယ်။ နိုင်းမြစ်ဝှမ်း၊ ယူဖရေ တီမြစ်းဝှမ်းတို့မှာ ဖြစ်တယ်။ ဒီနေရာသုံးခု ကနေ ဖြန့်ပြီးလူသားမျိုးနွယ်သုံးခုဖြစ်လာတယ်။ အသားအရေဖြူတဲ့   ကော့ကေးရှန်းအမျိုး အနွယ်၊  အသားဝါတဲ့ မွန်ရိုလွိုက်အနွယ်နှင့် အသားမဲ့တဲ့ နီဂရိုးအနွယ်တို့ပဲ ဖြစ်တယ်။
          ဖြစ်ပေါ်တိုးတက်မှုနှစ်များကြာလာတဲ့အခါ မူလမိသားစုကလေးကနေ မိသားစုအုပ် ကြီးအဖြစ် ရောက်ရှိလာတယ်။ မိသားစုနွယ်တစ်ခုနှစ် တစ်ခုဟာ လွမ်းမိုးမှုတွေ ဖြစ်လာ တယ်။ အားကြီးသူတွေက အုပ်ချုပ်သူတွေဖြစ်လာပြီး အားနည်းသူတွေက ကျေး ကျွန်တွေဖြစ်လာတယ်။ လူဦးရေ တိုးပွားများပြားလာတော့ နေရာတိုးချဲ့လာကြတယ်။ လူမိသားစု အနွယ်ကြီးများနှင့် လူ့အုပ်စုအဖွဲ့ကြီးတို့ဟာ တစ်နေရာကနေ အခြားတစ် နေရာကို ၀င်ရောက်သွားလာကြပြီး သင့်တော်တဲ့ ရေကြည်ရာမြတ်နုရာ အရပ်တွေမှာ အခြားဒေသကြီး တစ်ခုသို့ ကူးပြောင်းရောက်ရှိသွားလာကြပြီး သင့်တော်တဲ့ ရေကြည်ရာ မြတ်နုရာ အရပ် တွေမှာာ နေရာချကြတယ်။ အလယ်ပိုင်း မွန်ဂိုလီးယား(သို့မဟုတ်) အာရှမှ ရုရှားတွေက ရှေးလူကြီးများအဆိုအရ မွန်ဂိုးလီးယား၊ တောင်ဘက်က အူဂရို့အော်တီးယား နယ်မှာ နေကြတဲ့ တူရေနီးယန်းမိသားစု အနွယ်မှ ညီအစ်ကိုမောင်နှစ်မ ခုနှစ်ဖေါ် မိသားစုအုပ်စုဆိုတာရှီတယ်။ ဒီညီအစ်ကို မောင်နှစ်တွေရဲ့ အမည်များကတော့ ပူ၊ တော့၊ ဂျန်၊ မိယာအို၊ ငေါဝ်ကား၊ ကီစီနှင့် ကင်းတို့ပဲဖြစ်တယ်။ ဒါဟာ ရှေး ကရင်လူကြီးများအဆိုအရ ကရင်မျိုးနွယ်မှာ ညီအစ်ကို မောင်နှမ ခုနှစ်ဖော်ဖြစ်တဲ့ နော်ဘောကလေ၊ နော်ပအို၊   နော်ပဒယ်၊ စောပကူး၊ စောမောနေဘွား၊ စောဝေေ၀ါနှင့် စောချိတ်တို့ရဲ့ပုံပြင်နှင့် တိုက်ဆိုင်တူညီလျက်ရှိတယ်။ ကရင်လူမျိုးတွေရဲ့ လူမှုနေထိုင်ရာအရပ်ဟာလဲ အာရှအလယ် ပိုင်း အူဂရိုအော်တီယား နယ်ကပဲဖြစ်တယ်။ ကရင်ရဲ့ ကိုယ်ကာယအသွင်အပြင်တွေဟာ တူးရေးနီးယန်းမိသားစုနွယ်နှင့် မွန်ဂိုးလီးယားနွယ်တွေနဲ့တူနေပါတယ်။ အဲဒါကို ဘုန်းတော်ကြီး ဂျွန်ဟက်ကနေးနှင့် ပါမောက္ခဒီလာကူအိုပဲရီတို့က ထောက်ခံကြရာမှာ တူရေး နီးယန်းမိသားစုနွယ်တွေဟာ တစ်ခါက အာရှအလယ်ပိုင်းမှာနေခဲ့ကြတယ်လို့လဲ ဖြစ်ပါတယ်။
          မစ္စတာပေါ်တာစမစ်နှင့် ဘုန်းတော်ကြီးဂျွန်စမစ်တို့နှစ်ဦးစလုံးက ကရင်လူမျိုးနွယ်တွေ ဟာ တခါက တိဘက်ကနေ ယခုယူနန်နယ်အစိတ်အပိုင်းဖြစ်တဲ့ ဇီချွန်နှင့် ကွေချောင်နယ်တို့ သို့ ၀င်ရောက်လာခဲ့ကြတယ်လို့အပြတ်ပြောဆိုကြတယ်။ ဒီပညာရှင် ကျောင်းတော် သားကြီး  တွေအားလုံးရဲ့ တွေ့ရှိချက်တွေကတော့ ကရင်လူမျိုးတွေဟာ အာရှအလယ်ပိုင်း ကနေ တရုတ်ပြည်အနောက်တောင်ဘက်ကို ၀င်ရောက်လာခဲ့ကြတယ်ဆိုတာ ဂြိုညွှန်ပြလျက် ရှိပါတယ်။ ကရင်တွေသာမက အခြားလူမျိုးနွယ်တွေဟာလည်း တိဘက်ကိုဖြတ်ပြီး တရုတ် ပြည်ထဲဝင်ရောက်ခဲ့ကြတာချည်းပဲဖြစ်တယ်။ တရုတ်၊ ဂျပန်၊ ဗယက်နမ်၊ ထိုင်းနှင့် မွန်ခမာတို့လည်း ဒီအတိုင်းပဲဖြစ်ပါတယ်။
          ကရင်လူမျိုးတွေ ပထမဆုံးဝင်ရောက်လာတာဟာ ခရစ်တော်မပေါ်မီ(၁၁၂၃ က ၁၁၃၄)ခုနှစ်အတွင်းမှာ ဖြစ်တယ်။ ဒီအချိန်မှာ တရုတ်ပြည်ကို နိုင်ထက်စီးနင်း မတရားတဲ့ (Ghau Hsin) ဂွါရှင်မင်းစိုးမိုးအုပ်ချုပ်နေချိန်ဖြစ်ပါတယ်။ ဒီမင်းဟာ သူ့တိုင်းပြည်နီးနားက လူမျိုးစုတွေအပေါ်မှာ အမျိုးမျိုးချုပ်ချယ်ကန့်သတ်ချက်တွေထုတ်ပြီး သူ့ရဲ့အုပ်ချုပ်မှုအောက် မှာ တရုတ်လူမျိုးတစ်ခုတည်းအဖြစ်ရောက်ရှိအောင်ပြုလုပ်တယ်။ ဒါကြောင့် ကရင်နှင့် များစွာ သောလူမျိုးစုတွေဟာ သူတို့ရဲ့ နေရာတကျနေထိုင်ခဲ့တဲ့နေရာက ထွက်ခွာလာပြီး နယ်ပယ်သစ်တွေထဲကို ၀င်ရောက်လာကြရတယ်။ တုံကင်၊ ထိုင်းလင်းနှင့် ဗမာပြည်တွေဘက်သို့ ဖြန့်ပြီး ရောက်ရှိကြတယ်။ ကရင်လူမျိုးနွယ်စုတွေဟာ အုပ်စုကြီး(၃)စု ဖွဲ့ပြီး (၃)နှစ်ကြာ၊ ခရစ်တော်မပေါ်မီ(1120 မှ 1125) ထိ သူတို့ရဲ့ ပင်ရင်းနေရာ မြို့ရွာအိုးအိမ် တွေကို စွန့်ခွာပြီး အပြီးအပိုင်ထွက်လာကြရတာဟာ သူတို့လူဦးရေ ကျယ်ပြန့်လာမှာ စိုးရိမ်ကြောင့်ကြမှုရှိတဲ့ တရုတ်လူမျိုးစုတွေကြောင့်ပဲဖြစ်တယ်။
          ပထမကရင်လူမျိုးတွေ မဲခေါင်မြစ်ဝှမ်းတောင်ကြားတွေက ၀င်ရောက်လာပြီး သူတို့နေရာ အသစ်အဖြစ် နေရာချမယ်လို့ ရည်ရွယ်ထားတဲ့ မြစ်ဝကျွန်းပေါ်ကို ရောက်လာ ကြတယ်။ ဒါပေမယ့် နှစ်အနည်းငယ်ကြာပြီးတဲ့နောက် အလွန်ကြီးမားတဲ့ ထိုင်းလူမျိုးတွေက ဒီနေရာကိုပဲ ပြောင်းရွှေဝင်ရောင်လာလို့ ကရင်တွေကို အစာပေါများတဲံ့ နေရာသစ်ကိုရှာဖို့ ပိုပြီးတော့ တောင်ဘက်ကျတဲ့ နေရာကို ပဲ ပြောင်းရွေ့စေခဲ့ရတယ်။ ဒါပေမယ့် သူတို့ပင်လယ် ဘက်ကို ရောက်တော့ အနောက်ဘက်ကိုလှည့်ပြီး မိနမ်မြစ်နှင့် နန်ပိုင်မြစ်တွေတစ်လျောက် ရောက်သွားစေရပြန်တယ်။ နောက်ဆုံးမှာ သူတို့ရဲ့ နောရာမှာ နှစ်ပေါင်းတစ်ရာကျော်နေထိုင်ကြပြီး နောက်ဆုံးမှာ ထိုင်းတွေက သူတို့ကို ဇင်းမယ်အပြင်ဘက်ရောက်အောင် မောင်းထုတ်ကြတယ်။
          ဒုတိယ ကရင်အစုတွေဝင်လာတာက ရွှေလီမြစ်အတိုင်း အနောက်တောင်ဘက်ကျကျ ကိုရောက်လာတယ်။ ဒီမှာ သူတို့သင့်တော်မည့်နေရာကို ရှာဖွေကြပြန်တယ်။ နေရာရှာဖို့ ရောက်လာတော့ တိုင်း(ရှမ်း)တွေက သူတို့ထက်အရင်ရောင် ပြီး၊ နေရာချထားပြီးသားဖြစ်နေတယ်။ ရှမ်းတွေနဲ့ စစ်မဖြစ်လို့ ငြိမ်းချမ်းမှုကိုသာလိုလား တာကြောင့် ကရင်တွေဟာ တောင်ဘက်ကိုပိုကျတဲ့ နေရာကို ပြောင်း ရွေ့ရပြန်တယ်။ ဒီနေရာဟာ စေ၀ါမြစ်(ဧရာဝတီမြစ်)ပဲဖြစ်တယ်။ ပိုပြီးတောင်ဘက်ကျတဲ့ နေရာကို သူတို့ရွေးပြီး စေ၀ါဝေ(စေ၀ါမြို့)လို့အမည်ပေးတယ်။ နောက်နှစ်အတော်ကြာတော့ ဒီနေရာတွေကို ရှမ်းတွေက “ တဂေါင်”လို့ခေါ်တယ်။ အဓိပါယ်က ရှမ်းတွေက ကရင်တွေရဲ့ ကြေးနဲ့လုပ်တဲ့ဖားစည်ကို ကုန်ကူးပြီးပို့ဆောင်ပေးရာ ကုန်ကူးပြီးပို့ဆောင်ပေးရာ ကူးတို့ဆိပ်ဖြစ်တယ်။
          ဒီနေရာမှာ ကရင်နှင့် ရှမ်းတို့ဟာ တဖက်တချက်စီမှာ နှစ်ပေါင်း(172)လောက် ညီညွတ်စည်းလုံးစွာ နေခဲ့ကြတယ်။ အဲဒီနောက်မှာ ဒီနေရာကို နီဂရိုးအနွယ်တွေက အသစ်တစ်ဖန်ဝင်ရောက်လာကြတယ်။ အိန္ဒိယက ဗရမာတွေလည်း အလုံးအရင်းနှင့် ၀င်ရောက်လာကြတယ်။ အသစ်ဝင်ရောက်လာသူတွေရဲ့ ဘုရင်ကတော့ အဘိရာဇာပဲဖြစ်တယ်။ သူတို့နှင့် အတူ ဟိန္ဒူမြစ်ဝှမ်းယဉ်ကျေးမှုလည်း ယူဆောင်လာတယ်။ ဒါဟာ တရုတ်ယဉ်ကျေးမှုကို အလေ့အထဖြစ်နေတဲ့ ကရင်တွေနဲ့ တစ်ဘာသာစီလိုဖြစ်တယ်။
          အသစ်ချဉ်းနင်းဝင်ရောင်လာသူတွေဟာ ကြမ်းတမ်းပြီး ရန်စကျူးကျော်တတ်သူတွေ၊ မာန်မာနထောင်လွှားပြီး နိုင်ထက်စီးနင်းနှိပ်စက်တတ်သူတွေဖြစ်တယ်။ ရှေးဦးစွာ ရောက်ရှိနေထိုင် သူတွေအပေါ် ဒီလိုပြုမူဆက်ဆံကြတော့ ကရင်လူမျိုးစုများဟာ မခံမရပ်နိုင်ဖြစ်ကြရတယ်။  ကရင်ဟာ သဘာသအားဖြင့် ငြိမ်းချမ်းမှုကို လိုလားတဲ့ သီးခံတတ်ကြသူတွေဖြစ်ကြတယ်။ အိန္ဒိယက အသစ်ဝင်ရောက်လာတဲ့လူတွေရဲ့ အပြုအမူကို ကြာရှည်သီးမခံနိုင်ကြတော့လို့ သူတို့နှင့် ဝေးရာမှာ နေဖို့ဆုံးဖြတ်ကြတယ်။ ကရင်တွေဟာ တောင်ဘက်ကို ရွှေ့ပြောင်းသွားကြပြီး တဖြည်းဖြည်းနဲ့ နောက်ဆုံးမှာ စိဝါ(ဧရာဝတီ)မြစ်ဝကို ရောက်သွားကြတယ်။

လူမျိုးတစ်မျိုးရဲ့ ရှေးအတိတ်ဖြစ်ရပ်ဟာ အရေးကြီးဆုံးဖြစ်တယ်။ အတိတ်ဟာ ပစ္စုပန်ကို   ပိုမိုလွယ်ကူစွာ နားလည်နိုင်စေသည်သာမက အနာဂါတ်မှာ ဘာဖြစ်နိုင်တယ်ဆိုတာကို စာဖတ်  သူအား ကြိုတင်မှန်းဆနိုင်ရ်ျ ဖြစ်တယ်။
          ရာဇ၀င်(သမိုင်း)ဆိုတာ တကယ်တော့ လူမျိုးတစ်မျိုးရဲ့ အတိတ်ကဖြစ်ရပ်တွေကို   ပြောပြတဲ့ သတင်းစကားတွေကို သိုလှောင်ထားရာဘဲဖြစ်တယ်။ ရှေးကလူများရဲ့ စွန့်စားမှုများ   လူတို့တိုင်းပြည်နှင့် ဘုရင်များ၊ သူတို့ရဲ့အောင်မြင်မှုနှင့် ဆုံးရှုံးမှုများ၊ သူတို့ခရီးသွားလာခြင်းနှင့်     နေရာတကျနေထိုင်ခြင်းမှာ သူတို့တိုးတက်မှုနှင့် အတိတ်က ဒုက္ခဆင်းရဲခံရမှုများကို ရာဇ၀င်မှာ
ရေးသားဖေါ်ပြထားပါတယ်။ ဒါပေမဲ့ အားလုံးထဲမှာတော့ လူမျိုးတစ်မျိုးရဲ့ထူးခြားကောင်းမြတ်တဲ့ သူတို့ရဲ့ဘ၀မှာ သစ္စာရှိမှု၊ ယုံကြည်အားထားမှုတွေကို ရာဇ၀င်ကပုံဖေါ်ထားတာဘဲဖြစ်တယ်။  ယခု ပအိုဝ်းလူမျိုးရဲ့အကြောင်း၊ သူတို့ရဲ့လွတ်လပ်မှု၊ နိုင်ငံရေးရပိုင်ခွင့်အတွက် ကြိုမ်းပမ်းမှု၊ သူတို့ရဲ့ လူမှုရေးလုံခြုံမှု၊ စီးပွားရေးကောင်မွန်တည်ငြိမ်မှုအတွက် ကြိုးပမ်းမှုတွေကို လတ်တလေသိရှိရတဲ့သတင်းအချက်တွေအရ တင်ပြပါမယ်။
          လူမျိုးတစ်မျိုးဟာ အခြားလူမျိုးတစ်မျိုးရဲ့ ၀ါးမျိုစုတ်ယူခြင်းကို ခံရတဲ့အဖြစ်မှာ ဒီစစ်ရှုံးနိမ့်ခံရတဲ့ လူမျိုးရဲ့အရေးကြီးတာတွေ၊ တန်ဘိုးရှိတာတွေဟာ ယုတ်ညံ့အောင်ပြုလုပ်ခြင်းခံရပြီး နောက်ဆုံးမှာ လုံးဝမမှတ်မိနိုင်အောင် နစ်မြှပ်ပျောက်ကွယ်သွားရတယ်။ စစ်အောင်နိုင်သူသူတွေက သူတို့နဲ့သင့်လျောက်အောင် တကယ့်ရာဇ၀င်ဖြစ်ရပ်မှန်ကို ဂရုမပြုပဲ ဖယ်ထားပြီး ရာဇ၀င်အသစ်ကို ပြန်ရေးကြတယ်။ ဗမာပြည်မှာ ရှေးအကျဆုံးနေထိုင်ခဲ့သူတွေလို သိကြတာက ပြူ(ပွာအိုနှင့် ပအို)၊ ကမ်းယန်(ကယား)၊ ဆက် သို့မဟုတ် သက်(စကော)တို့ဘဲဖြစ်တယ်။ ဒီလူမျိုးတွေဟာ ကရင်လူမျိုးအနွယ်ဝင်တွေအဖြစ် တည်ရှိနေပါလျှက် ဘာကြောင့် ဒီလူမျိုးတွေနဲ့ ပတ်သက် တဲ့ ရေးသားထားသောရာဇ၀င် ဘယ်လိုမှ ရေးထားတာ မရှိရတာလဲဆိုတဲ့ အမေးပြဿနာကို ရှင်းလင်းဖေါ်ပြဖို့ ဗမာရာဇ၀င်ရေးဆရာများ အပေါ်တာဝန်ရှိပါတယ်။
          မြန်မာရာဇ၀င်ကို ဘယ်အရင်းအမြစ်ကမှ တည်ဆောက်ထားတာမဟုတ်ဘူး။ တကယ်တော့ တိုင်းပြည်ထူထောင်ရာမှာ အားလုံးပါဝင်ကူညီ ဆောင်ရွက်ကြတာဖြစ်တယ်။ ဒီလိုဆိုမယ့်အစား တာဝန်မဲ့ပြုတတ်တဲ့ မြန်မာရာဇ၀င်ဆရာတို့က သူတို့ဟာယဉ်ကျေးမှုဖြစ်လာခြင်းရဲ့ အရင်းမူလဖြစ်တယ်လို့ ဆိုကြတယ်။ ဒီလိုနဲ့ မူလတိုင်းရင်းသား တွေထဲမှာ မယုံကြည်မှု၊ မုန်းတီးမှုမျိုးစေ့ကို ချထားကြတယ်။ ဒီနေ့စဉ်းလဲဖေါက်ပြန်တဲ့ ဗမာတို့က လွန်ခဲ့တဲ့အတိတ်က နေထိုင်ခဲ့ကြတဲ့ မူလလူမျိုးတွေဆိုတာ များလွန်းပါတယ်လို့ အရှက်ကင်းမဲ့စွာဆိုလာကြပြန်တယ်။
          စကြာဝဠာတည်ပြီး တစတစ်လူသားရယ်လို့ ဖြစ်ပေါ်လာခြင်းနှင့် အတူ၊ နှစ်ပေါင်းသန်းနှင့် ချီသော ဗမာရာဇ၀င် စတင်လာတယ်လို့ ဖေမောင်တင်ရဲ့ မှန်နန်းရာဇ၀င်မှာဆိုတယ်။ ကောင်းကင်ဗြဟ္မာကြိးတွေ အလိုကျလို့ ကမ္ဘာမြေပေါ် ဆက်လက်လာကြတယ်။ တဖြည်းဖြည်းနှင့် သူတို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေ ပျောက်ပြီး လူသားအသွင်ဖြစ်လာတယ်။ သကျ(သာတီဝင်)လို့ခေါ်တယ်။ နှစ်ကာလရှည်လာတော့ “ မဟာသမတ” ခေါ်တဲ့မင်းဘဲဖြစ်တယ်။ အနှစ်တစ်ထောင် အုပ်ချုပ်တယ်။ ခရစ်တော်မပေါ်မီ ဘီစီ(443)မှာ ပွင့်တော်မူတဲ့ သိဒ္ဒတ္ထဂေါတမရဲ့ ရှေးအဆက်အနွယ်တွေဟာ မဟာသမတ ကစတယ်။ ဗုဒ္ဒရဲ့ သာသနာဟာ အာရှတိုက်တစ်လျှောက်ပြန့်ပွားလာတယ်။ “ ဗမာပြည်” ထိုစဉ်က တရုတ်လူမျိုးတွေရဲ့အခေါ် ပိုင်ယာအိုတိုင်းပြည် ကိုလည်းသာသနာရောက်လာတယ်။
          ဗမာတွေက သူတို့ကိုယ်သူတို့ ဗြဟ္မာကြီးတွေက ဆင်းသက်လာတယ်လို့ဆိုတယ်။ ခရစ်တော်မပေါ်မီ ဘီစီ(860)လောက်က ဗမာပြည်ထဲကို ၀င်ရောက်လာကြပြီး သူတို့ကိုယ်သူတို့ “ ဗရမာ”ရယ်လို့ အမည်ခံကြတယ်။ ဗြိတိသျှတို့ သိမ်းပိုက်လိုက်တဲ့အခါ သူတို့က ရှေးအိနိယလူမျိုးတွေ သိကြတဲ့ ဆွန်ပရာတ (အထက်ဗမာပြည်)နှင့် ရာမညဒေသ(အောက်ဗမာပြည်)တို့ကို ဗြိတိသျှတို့ သိမ်းပိုက်လိုက်တဲ့အခါ သူတို့က ဒီနှစ်ခုကို ပေါင်းစပ်ပြီး တိုင်းပြည်ကို ဗမာပြည်၊ လူမျိုးကို ဗမာရယ်လို့ အသုံးဖြစ်လာတယ်။ ဒီလိုနဲ့ ဗမာလို့ခေါ်တဲ့ အသုံးအနှုန်းဟာ ခရစ်နှစ် 1886 ခုကစပြီး ဖြစ်လာတယ်။ ဒါပေမဲ့ ခရစ်နှစ် 1886 ခုမတိုင်မီက “တိဘက်တိုဘားမင်း” တွေရှိနေသလား၊ မရှိဘူးလားဆိုတာတော့ မေးစရာပြဿနာပါပဲ။။
          မဟာရာဇ၀င်ဟာ လိမ္မာပါနပ်စွာရေးထားတာပဲဖြစ်တယ်လို့ ဒုဗိုလ်မှူးကြီး မက်မဟွန်းရေးတဲ့ “ ရွှေကျွန်းစွယ်မှ ကရင်များ ” ဆိုတဲ့စာအုပ်မှာ မှတ်ချက်ချခဲ့တယ်။ ရှေးဦး နေထိုင်လာခဲ့သူတွေကို မဖေါ်ပြပဲ မြှုပ်ချန်ထားခဲ့တယ်။ သူတို့ဟာ ဘယ်ကလာတယ်၊ ဘယ်တုန်းကလာတယ်၊ ဘာကြောင့်ဘယ်လို့လာရတယ်ဆိုတာ ရာဇ၀င်က စာဖတ်သူများကို လမ်းလွှဲပြခဲ့တယ်။ ဒါကြောင့် ရာဇ၀င်တန်ဖိုးမရှိဘူး။
          မစ္စတာဂျီအီးဟာဖေးကလည်း သူရဲ့ “ ဗမာရာဇ၀င် ” ဆိုတဲ့ စာအုပ်မှာ အချက်ကျကျဖေါ်ပြခဲ့တယ်။ ဗမာတွေရဲ့ မူလရင်းမြစ်ကို မှန်ကန်စွာဖေါ်ညွှန်ပြခဲ့တာက ရှေးအကျဆုံးနေထိုင်လာခဲ့သူတွေဟာ ပြု၊ ကမ်းကံ၊ သက်တို့ဘဲဖြစ်တယ်လို့ ယခုမြန်မာပြည်ရယ်လို့ သိနေကြတဲ့ တိုင်းပြည်ကို အဓိကအားဖြစ် တသီးတခြားကွဲပြားသော လူလအရင်းအဖြစ်နှစ်ခုကလာတဲံ လူမျိုးစုမျိုးနွယ်များက ကြီးပွားထွန်းကားလာအောင် လုပ်တာဖြစ်တယ်။ တစ်ခုက ဟိန္ဒူမြစ်ဝှမ်းယဉ်ကျေးမှုကလာတာဖြစ်ပြီး၊ အခြားတစ်ခုက တရုတ်ယဉ်ကျေးမှုကြီး သုံးရပ်က ရောက်လာတယ်။ ပအိုဝ်းလူမျိုးစုတွေဟာ ဂေါတမဗုဒ္ဒရဲ့ သင်ကြားမှုတွေကို ခံယူရရှိကြတယ်။ နောက်ခရစ်နှစ် (၇)ရာစုနှစ်မှာ ပါးရှင်းကုန်သည်တွေက အစ္စလာမ်ဘာသာကို ယူဆောင်လာတာက ခရစ်နှစ်19 ရာစုမှာ ခရစ်ယာန်ဘာသာပဲဖြစ်တယ်။ ခရစ်ယာန်ကလူတွေကို ခေတ်သစ်ပညာရေးကို သင်ကြားပေးပြီး ဒီမိုကရေစီနှင့် ကျယ်ပြန့်တဲံ လူဘ၀အတွေးအမြင်တွေကို သွတ်သွင်းပေးကြတယ်။
          ဒီနေ့ စစ်အာဏာရှင်တွေ အုပ်ချုပ်မှုအောက်မှာတော့ ဒီဘာသာကြီးသုံးခုဟာ နဲနဲဘဲထိ တွေ့မှုရှိတော့တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်က သီးခြားဘာသာအယူဝါဒတစ်ခု ဖြစ်လာပြီး လူတန်းစားတစ်ခုအဖြစ် လွှမ်းမိုးအုပ်ချုပ်ကာ ပြုစုပျိုးထောင်နေပြီဖြစ်တယ်။ ဘာသာရေးလှုပ်ရှားမှုတွေကိုတော့ တဖြည်းဖြည်း ပရိယာယ်တွေနဲ့ဟန့်တားနှောက်ယှက်လာပြီး ကန့်သတ်ချုပ်ချယ်ချက်တွေနဲ့ ဖန်တီးပြုလုပ်နေပုံရတယ်။
          ဒီပအိုဝ်းရာဇ၀င် အကျဉ်းချုပ်ဖေါ်ပြချက်ကို ဒဏ္ဍာရီပုံပြင်တွေ၊ ရိုးရာစိတ်ကူးယဉ်ပုံပြင် တွေအပေါ်မှာ အခြေမခံပါဘူး။ တွေ့ရှိချက်တွေဟာ ပညာရှိရဟန်းများ အသက်အရွယ်ကြီးရင့်သော စာပေပညာရှင်ကြီးများနှင့် ဆွေးနွေးနှီးနှောရာမှ အခြေခံပါတယ်။ ဂျပန်များသိမ်းပိုက်ထားစဉ်က ရွှေရွက်၊ ငွေရွက်၊ ဆင်စွယ်နှင့် ကြေးမောင်းတွေအပေါ်မှာ ရေးသားထားတဲ့အထောက်အထားတွေကို စုဆောင်းပြီး ဖွက်ထားခဲ့တယ်။ ဒီစာတွေအားလုံးဟာ ရှေးဟောင်းပအိုဝ်းဘာသာစာ၊ အများအားဖြင့် “ ပြူ ”စာလို့သိကြတဲ့စာပဲ ဖြစ်တယ်။ ကံမကောင်းတာက ဂျပန်ကင်ပေတိုင်တွေက  ဒီလိုစုဆောင်းထားတာတွေကို သိသွားပြီး လုယူဖျက်ဆီးပစ်လိုက်ကြတယ်။ ဒါတွေဟာ ပအိုဝ်းတိုင်းပြည်ကို အနော်ရထာမင်းဖျက်ဆီးတဲ့ နေ့ကစပြီး စုဆောင်းခဲ့တဲ့ အမျိုးသားရတနာတွေပဲဖြစ်တယ်။ ဒါပေမဲ့ အနှစ်တစ်ထောင်နီးပါး ကြာမြှင့်ပြီးဖြစ်တဲ့ ကြေးမောင်းအနည်းငယ်တော့ ကျန်ရစ်ခဲ့တယ်။ ဒီမောင်းတွေဟာ ပအိုဝ်းဘုန်းကြီးကျောင်းတွေမှာရှိပြိး ရွှေပြားနှင့် ကပ်ပြီး အတိတ်ရာဇ၀င်တွေကို ရေးသားထားပါတယ်။
          လွတ်လပ်တဲ့ လူအဖွဲ့အစည်းတစ်ခုရဲ့ ခက်ခဲတဲ့ဘ၀ခရီးကို ပအိုဝ်းတွေသိရှိလာခဲ့တယ်။ ကိုယ်ပိုင်ပြဌာန်းမှုနှင့် ကျူးကျော်သူတွေကို ခုခံတိုက်ခိုက်ရတဲ့ စိတ်ဓါတ်စွမ်းအားကို ရရှိခဲ့တာဟာ စစ်ပွဲကာလတွေမှာ စည်းကမ်းရှိမှုနှင့် ရှည်လျားသော ဖြစ်စဉ်ဖြစ်ရပ်တွေကို နာကျည်းစွာခံစားသိရှိလာကြရလို့ပဲဖြစ်တယ်။ ပအိုဝ်းတွေဟာ သူတို့ရဲ့ “ အမျိုးသား မပျောက် မကွယ် တည်ရှိနေနိုင်ဖို့ သူတို့ကိုယ်တိုင် ကြိုးပမ်းအားထုတ်မှုအပေါ်မှာသာ မှီတည်နေတယ်။ နိုင်ငံခြားအစိုးရတစ်ခုရဲ့ အာမခံချက်၊ ဆုံးဖြတ်ချက်ပေးမှုအပေါ်မှာ မှီတည်ခြင်း မရှိဘူး”  ဆိုတာကို သူတို့ အမှန်တကယ် သိရှိနားလည်ထားကြပါတယ်။
ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်နေတဲ့လူမျိုးဟာ သူတို့ရဲ့ ရည်မှန်းချက်ကို မရောက်မချင်း ဘယ်တော့မှ နှစ်သိမ့်ကျေနပ်နေမှာ မဟုတ်ပါဘူး။ ပအိုဝ်းတွေဟာ သူတို့ငြိမ်းချမ်းစွာနေထိုင်နိုင်မည့် နယ်မြေတစ်ခုကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။


မှတ်ချက်။      ။    
                     1။    မြန်မာမင်းများ၏ မှန်းနန်းရာဇ၀င်
                            ရေးသူ    -     ဖေမောင်တင်  1923
                      2။    ရွှေကျွန်းဆွယ်မှ ကရင်များ
                              ရေးသူ -     ဒုဗိုလ်မှူးကြီး မက်မဟွန်
                       3။    မြန်မာရာဇ၀င်
                              ရေးသူ    -     မစ္စတာအက်စ်ဒဗလျူကောက်
: အပိုင်း(၁) အခန်း(၁)                              

အလံသမိုင်း လူ့ယဉ်ကျေးမှုများ စတင်ပေါ်ပေါက်လာစဉ်မှစ၍ ကမ္ဘာအရပ်ရပ်မှာ အလံသဘောဆောင်သော အမှတ်အသား အဖြစ်၊ လွှင့်ထူသူတို့၏ ရည်ရွယ်ချက်နှင့် သင့်လျော်သည့် ကျေးငှက်တိရိစ္ဆာန်တို့၏ ရုပ်တု စသောအရာဝတ္တု များကို အသုံးပြုခဲ့ကြသည်။ နောင်တွင် အလံကို ပုံပန်းသဏ္ဌာန် အရွယ်အစားအမျိုးမျိုး၊ အခေါ်အဝေါ် အသုံးအနှုန်း အဆင့်ဆင့် ပြောင်းလျက် သုံးစွဲလာခဲ့ကြသည်။ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာ စသည်တို့သည် အလံများ၏ ရှေ့ပြေးဟု ဆိုရပေမည်။ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာများသည် ဂေါတမမြတ်စွာဘုရား လက်ထက်ကပင် စတင်အသုံးပြုခခဲ့ကြသည်။ တံခွန်၊ ကြက်လျှာတို့ကို အခြေပြု မြစ်ဖျားခံ၍ တစ်စတစ်စဖြင့် မျက်မှောက်ခေတ်အလံများကို ကျယ်ပြန့်စွာ သုံးစွဲလာခဲ့ ကြသည်။
မြန်မာသမိုင်း
ခရစ်မပေါ်မီ အနှစ် (၉၀၀) ခန့်က အာဆီးရီးယားနိုင်ငံ၌ တံခွန်များ၊ စစ်အလံများ သုံးစွဲခဲ့ကြပုံကို ထိုခေတ်က ထုလုပ်သော ကျောက်ရုပ်များ အိုးခွက်များပေါ်၌ တွေ့မြင် ခဲ့ရသည်။ အလံကို အ၀တ်စဖြင့် ချုပ်လုပ် အသုံးပြုခြင်းကို ရောမတို့ စတင်တီထွင်ခဲ့ကြသည်။ ဥရောပတိုက်နိုင်ငံများ၌ အလံလွှင့်ထူသည့် အလေ့အထကို ဆာရာဆင်လူမျိုးများမှ စတင်ပျံ့နှံ့သွားခဲ့သည်ဟု ဆိုသည်။ ခရစ်တော်မပေါ်မီ အနှစ်(၃၀၀)ခန့်က ရောမဧကရာဇ်များ သုံးသော အလံတော်သည် ယခုခေတ် အလံတော်များနှင့် နီးစပ်တူညီသည်ဟု ဆိုနိုင်သည်။ အရှေ့တိုင်းတွင် အလံကို ရှေးအကျဆုံး အသုံးပြုခဲ့သော နိုင်ငံမှာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့ပင်ဖြစ်သည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ တံခွန်များ၊ အလံများကိုင်ဆောင် သုံးစွဲသည့် အလေ့အထသည် မြန်မာ၊ ထိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ ပျံ့နှံ့ ရောက်ရှိသွားသည်။
မြန်မာနိုင်ငံသမိုင်းဦးခေတ်တွင် အလံနှင့် စပ်လျဉ်း၍ အထောက်အထားများ မတွေ့ရှိခဲ့ရသော်လည်း သမိုင်း အလယ်ခေတ် သက္ကရာဇ် (၈၄၂) မှ (၈၄၃) ခုနစ်အထိ စိုးစံခဲ့သော ဒုတိယမင်းခေါင် လက်ထက်တော်အခါ၌ စတင်တွေ့ရှိရသည်။ ကုန်းဘောင်ခေတ် မြန်မာမင်းများ လက်ထက်တွင် ဘုရင်မင်းမြတ်ကို ကိုယ်စားပြုသော (သို့မဟုတ်) နိုင်ငံတော်ကို ကိုယ်စားပြုသော အလံတော်အဖြစ် ဒေါင်းအလံကို သတ်မှတ်ထားရှိကြောင်း တွေ့ရှိရသည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ဒေါင်းအလံကို မြန်မာနိုင်ငံတော်အလံ အဖြစ် အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။ ကုန်းဘောင်မင်းဆက် နောက်ဆုံးတိုင်အောင် ဒေါင်းအလံကို မြန်မာအမျိုးသားအလံ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံတော်အလံ အဖြစ်လည်းကောင်း သတ်မှတ်ခဲ့ကြောင်း ပေါ်လွင်သည်။ ၁၉၃၀-ပြည့်နှစ်၊ ဆရာစံလယ်သမား အရေးတော်ပုံအလံတွင် ကြက်လျှာစွန်း အလံ၊ အဖြူရောင်တွင် နဂါးကို ဂဠုန်သုတ်ဟန် ရေးဆွဲ၍ အသုံးပြုခဲ့သည်။
၁၉၃၈-ခုနှစ်၊ မတ်လတွင် ပြည်မြို့၌ ကျင်းပပြုလုပ်သော တို့ဗမာအစည်းအရုံး တတိယညီလာခံ အစည်းအဝေးတွင် သုံးရောင်ခြယ် အလံ၏ အလယ်၌ ဒေါင်းရုပ်အလံ အလုပ်သမားနှင့် တောင်သူလယ်သမား လူတန်းစားကို  အခြေခံသော တံစဉ်အမှတ်အသားကို ပြောင်းလဲသတ်မှတ် အသုံးပြုခဲ့ကြောင်း သိရသည်။ ၁၉၃၆-ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော မြန်မာနိုင်ငံ ကိုလိုနီဥပဒေပြုလွတ်တော်တွင် အင်္ဂလိပ်ဘုရင်မင်းမြတ်၏ သဘောတူညီချက်အရ မြန်မာနိုင်ငံအတွက် မြန်မာဘုရင်ခံက သတ်မှတ်ပေးခဲ့သည့် အလံ၏အရောင်မှာ အပြာရောင်ဖြစ်ပြီး၊ အပြာရောင်၏အဖျား၌ စက်ဝိုင်းအတွင်း ဆေးရောင်ခြယ်ထားသော ဒေါင်းရုပ်ကို ထည့်ပေးထားသည်။ တိုင်ရင်းဘက် အထက်ထောင့်တွင် ဗြိတိသျှ ယူနီယံဂျက်အလံ အမှတ်အသား ပါရှိသောအလံကို သတ်မှတ်ပေးခဲ့သည်။
ဂျပန်ခေတ် ဘီအိုင်အေအလံ၌ အလယ်စက်ပိုင်း အဖြူတွင်းက ဒေါင်းသဏ္ဌာန်ပါ အ၀ါ၊ အစိမ်း၊ အနီ သုံးရောင်ခြယ် အလံကို အမျိုးသားအလံအဖြစ် အသုံးပြုခဲ့ကြသည်။ ၁၉၄၂-ခုနှစ်၊ ဘီဒီအေအလံကိုလည်း အဆိုပါ အလံကိုပင် အနည်းငယ် ပြောင်းလဲ၍ ဆက်အသုံးပြုခဲ့သည်။ ၁၉၄၅-ခုနှစ်၊ မတ်လ(၂၇)ရက် ဂျပန် တော်လှန်ရေးတွင် အလံတော်ကို အနီရောင် အောက်ခံထား၍ တိုင်ရင်းဘက်တွင် ကြယ်ဖြူတစ်ပွင့်ပါရှိသော အလံတော်ကို အသုံးပြုခဲ့သည်။ ဂျပန်တော်လှန်ရေးအပြီး အသစ်ပြန်လည် ဖွဲ့စည်းသော (ဖဆပလ) အဖွဲ့၏ အလံကိုလည်း တော်လှန်ရေးတွင် အောင်ပွဲရခဲ့သော အလံတော်ကိုပင် ဆက်လက်၍ အသုံးပြုခဲ့ကြသည်။ ၁၉၄၇-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တိုင်းပြုပြည်ပြုလွတ်တော်မှ ရွေးကောက်တင်မြှောက်ပြီး တိုင်းပြုပြည်ပြုလွတ်တော်မှ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ၊ အထိမ်းအမှတ်သီချင်းနှင့် မြို့တော်ကို ၁၉၄၇-ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်အခြေခံ ဥပဒေ၌ ထည့်သွင်းရေးဆွဲ အတည်ပြု ပေးခဲ့သည်။

วันพุธที่ 22 มกราคม พ.ศ. 2557

မြန်မာနိုင်ငံ နောက်ခံသမိုင်း

အနာဂါတ်မြန်မာနိုင်ငံတော်အတွက်အရေးကြီးသည့်သမိုင်း

မြန်မာ နိုင်ငံတော် အတွင်း ရှိ လူမျိုးစု အသီးသီး၌ မိမိတို့ လူမျိုး စုများ ၏ အမြင် နှင့်ရှု ထောင့် အမျိုးမျိုး မှ မှတ် တမ်း တင် ရေးသား ထားခဲ့ဋ္ဌက သည့် ရာဇ၀င် အစောင် စောင်များ ရှိပေ သည်။ မြန်မာတို့ ၌ မြန်မာ ရာဇ၀င် တော်ကြီး မှ အစ ပြု လျက် ရာဇ၀င် လတ်။ ရာဇ၀င်ချုပ်။ မှန်နန်း ရာဇ၀င် တော်ကြီးနှင့် ကုန်းဘောင် ဆက် ရာဇ၀င် တော် အထိ အစောင် စောင် အများ အပြားရှိလေ သည်။

မြန်မာ များ နည်း တူ မြန်မာ နိုင်ငံ သမိုင်းဖြစ်ပေါ် တိုးတက်မှု တွင်ကြီး မား သည့် အခန်းမှနေ ၍ ပါဝင်ခဲ့ကြသော မွန်။ ရှမ်း။ ရခိုင်စ သည့် လူမျိုး များ၌ လည်း ငှင်းတို့ ၏ လူမျိုးနှင့် ရှုထောင့် အသီးသီး မှ နေ၍ မှတ်တမ်း တင်ခဲ့ကြ သည့် ရာဇ၀င် အ စောင်စောင်များရှိပေ သည်။

ကရင်။ ပအို့ ။ ကချင်။ ကယား။ ချင်း တို့ သည် လည်း မျိုးစဉ် မျိုး ဆက် မှတ်တမ်း ရာဇ၀င် များရှိကြ သည်။ ထို့ အ ပြင်လူ မျိုး စု တ စု က အခြား လူမျိုး စု များ ဒေသ များ အား တိုက် ခိုက် အောင်မြင် ခဲ့ သည့် တိုက်ပွဲအောင် ပွဲ များ အားဖွဲ့ နွဲ့ ရေး သား ထား သည့်မော်ကွန်း အရေး တော် ပုံများ လည်း ရှိကြသည်။

နိုင် ငံ တခု အတွင်း သို့ လူမျိုး များ စတင် အခြေ ချ နေထိုင် ခြင်း။ တိုးတက် ချဲ့ထွင်ခြင်း။ ပေါင်းရုံး စည်း လုံးခြင်း။ စ သည့် အ ထက် ပါ မှတ် တမ်း ရာဇ၀င် များ အရေး တော်ပုံ စသည့် သမိုင်း ၀င်စာပေ များ သည် မိမိ တို့  လူ မျိုး စုအသီး သီး ၏ အကြောင်း အရာ တွင် အဓိက ထား ရှိ ၍ ဦးစား ပေး ကာ ကွယ် ၍ ၎င်း ဖွဲ့ နွဲ့  ဂုဏ် တင်ရေး သားခြင်း ပြုကြ လျက် အခြား လူမျိုးစုများ အား တဘက်သတ် အဆိုးချ၍ ၎င်းပြစ် တင်၍ ၎င်း ရေးသားခြင်း ပြုကြ သည် ကို ယေဘူယျ တွေ့ ရသည်။

နိုင်ငံ တနိုင်ငံအတွင်းသို့ လူမျိုးစု တစုမက အခြေ ချနေ ထိုင်ရန်ကြိုးပမ်း အားထုတ်ခြင်းပြုကြ သည့်အခါ များ တွင် ထို လူမျိုး စု အသီးသီး ၏ နိုင်ငံရေး။ စီးပွားရေး။ ယဉ် ကျေးမှုတိုးတက်ဖြစ်ပေါ်မှု သည် မညီ မမျှ ရှိ ခြင်းကြောင့် ထို မညီမျှမှု ပေါ်တွင် အခြေခံ ၍ ပဋိပက္ခ တရား သည် မလွဲ မရှောင်သာ ပေါ်ပေါက် လာကြ ရသည်။

နိုင်ငံ တနိုင်ငံ အတွင်း လူမျိုးစု အချင်းချင်း တန်းတူ ညီမျှ သည့် ဆက်ဆံရေး ကို မတည် ဆောက်နိုင် သေးသ ၍ လူမျိုးစုတိုင်း ၏ မိမိကံကြမ္မာ မိမိဖန် တီးပိုင် ခွင့် ကို လက်ခံ ကျင့် သုံးခြင်း မပြုနိုင်သေးသ ၍ ထို ပဋိပက္ခ တရားသည် ထို နိုင်ငံ ၏ ကံကြမ္မာ အား ဖန်တီးမြဲ ဖန်တီး နေလိမ့် မည် သာဖြစ် လေသည်။

မြန်မာ နိုင်ငံ သမိုင်း တလျှောက်တွင် လူမျိုးစုများ အတွင်း မလွဲ သာ မရှောင်သာ ပေါ်ပေါက်ဖြစ်ပွား ခဲ့သည့် ပဋိ ပက္ခ များ အား လူမျိုးစု တစုက အခြား လူမျိုးစု တစု အား တဘက်သတ် အပြစ် ဖို့ ၍ မိမိ လူမျိုးစု ကို သာ ကာ ကွယ် မှတ်တမ်း တင်ခဲ့ကြသည့် ရာဇ၀င် သမိုင်းအစောင်စောင်တို့  သည် သူ့ခေတ်နှင့် သူ့ အခါ ပေါ် ပေါက်ခဲ့ ခြင်းဖြစ်သည်။

အနာဂါတ်မြန်မာ နိုင်ငံတော် တွင်ပြည်ထောင်စု သား အချင်းချင်း အ ထင် လွဲမှား စိတ်နာ ကျည်းစေ မည့် သ မိုင်းဝင် စာပေ များအား သုတေသီ တို့ အတွက် အမျိုးသား ယဉ်ကျေးမှုပြတိုက်တွင်သာ သိမ်း ဆည်းထား သင့်ပေသည် မျိုး ဆက် လူငယ် များနှင့် လူထု သည် ပိဋိကတ် အိုးကွဲများ မဟုတ်ကြသေး ဆိုသည့် အချက် သည် အနာ ဂါတ်မြန်မာ နိုင်ငံတော် အတွက် အလွန် အရေးကြီး သော ကြောင့် ဖြစ် ပေသည်။
khun mgkhin
ကောင်ထို-ထီယွန်း ကျောင်းရေစက်ချ အလှူတော်မင်္ဂလာနဲ့
...
ပအိုဝ်းရိုးရာ ရှင်ပြု ရဟန်းခံအလှူတော်မင်္ဂလာပွဲ
(၂၇-၄-၂၀၁၃) စနေနေ့ ယနေ့ဟာ နောက်ဆုံးနေ့ တရားနာရေစက်ချပွဲနေ့ဖြစ်တယ်။

ဧည့်ခံတဲ့နေ့တုန်းက ပရိသတ်တွေ ရှင်တကာအိမ်တွေမှာ
လာပြီး ကုသိုလ်ဝင်ကြတာ များပေမယ့်
ဒီနေ့အဖို့မှာတော့ ရှင်လောင်းလှည့်နဲ့ ပွဲဝင်ကြတာကို ကြည့်ရှုချင်လို့
လာကြတာက များပါတယ်။ ပရိသတ်တွေ တော်တော်များပြီး စည်ကားသလို
တချို့နေရာတွေမယ် ဖုန်ကလည်း ထူသလား မမေးပါနဲ့။

ရှင်အပါး (၃၆၇)ပါး ရှိပြီး၊ ရဟန်းခံ (၁၀)ပါး၊ မဏ္ဍပ်စုက (၉)မဏ္ဍပ်ရှိတယ်လို့ သိရတယ်။
ပင့်ကျောင်း (၃၅)ကျောင်း၊ သံဃာ (၈၈)ပါး ကြွတော်မူပြီး
ကုသိုလ်ဝင်ငွေ စုစုပေါင်း (၄၈)သိန်းနီးပါးလောက် ရရှိတယ်လို့ ကြားသိရပါတယ်။

ရှင်ပြုဖို့ ကျောင်းသို့ တန်းစီလှည့်လာတာ ၁၂နာရီကနေ ၃နာရီအထိ ကြာမြင့်ပါတယ်။
ပွဲလာသူတွေအဖို့ ရှင်လောင်းလှည့်ကြည့်ရတာ တန်တယ်လို့ ဆိုရမှာဖြစ်တယ်။
ဒါပေမယ့် ရှင်လောင်းနဲ့ ရှင်လောင်းထိန်းတွေ နေပူထဲမှာ အကြာကြီးရပ်ရလို့
နဲနဲတော့ ပင်ပန်းကြမှာဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် စုပေါင်းရှင်ပြုပွဲကြီး မလုပ်တာ ကြာပြီဖြစ်တဲ့
ကောင်ထိုထီယွန်း ပွဲတကာများအနေနဲ့တော့
အားရပါးရရှိလှတဲ့ ကုသိုလ်အမျှ ခေါ်သံနဲ့အတူ အပြုံးကိုယ်စီ
ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတာကို အထင်းသား တွေ့မြင်နေရပါတယ်။


သဗ္ဗေသတ္တာ သတ္တ၀ါအနန္တ
ကုသိုလ်အမျှ ကုသိုလ်အမျှ ကုသိုလ်အမျှ
ယံလညီညီ လတွာတွာဝင်နော ဖူးဝေးသီးယာသြ